မြောက်ဦး မေ ၅
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက် နေပြည်သူများအား အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ် စက်သင်တန်းကို ထမ္မရာဇ်ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဟောင်းအစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၈ နာရီ အချိန် က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်မှ အဖွင့်အမှာစကား ပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းရန်နိုင်သူက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို အကျယ်တဝင့်ရှင်းလင်းပြော ကြားခဲ့ပြီးနောက် သင်တန်းနည်းပြ ဆရာမ ဒေါ်အေးအေးခင်မှလည်း အခြေခံအပ်ချုပ်စက် သင်တန်း တက်ရောက်လာကြသော သင်တန်းသူ များကို အခြေခံကတ်ကြေးကိုင်နည်းမှ အစရှင်း လင်းပြော ကြားခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက်၊မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦး စီးမှူး ဦးထွန်းရန်နိုင်သူ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ သင်တန်းနည်းပြဆရာမများနှင့် အနီးနားကျေးရွာ ၁၀ ရွာ နှင့် စစ်ဘေးရှောင်ပြည်သူများမှ သင်တန်းသူ ၃၀ ဦးတက် ရောက်ကြခဲ့ပြီး သင်တန်းကာလမှာလည်း ၂ ပတ်ကြာမြင့်မည်ဖြစ်၍ တက်ရောက်လာကြသော ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် သင်တန်းသူများစုပေါင်း၍မှတ်တမ်းဓါတ်ပုံများရိုက်ခဲ့ကြ ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)