တွံတေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းနှင့် သီလရှင်စာသင်တိုက်များသို့ အခြေခံစားသောက်ကုန် (၄)မျိုးလှူဒါန်းပေး

တွံတေး စက်တင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ ဝါတွင်းကာလ သံဃာတော်များနှင့် သီလရှင်ဆရာကြီး၊ ဆရာလေးများအား မြို့ပေါ် (၈)ရပ်ကွက်မှ ပြည်သူများမှ အာရုံဆွမ်းများ နေ့စဉ်လောင်းလှူလျက်ရှိရာ ယမန်နေ့က ကြည်မြင့်တိုင်မြို့နယ်၊ တော်ဝင်လမ်းနေ သုဓမ္မမဏီဇောတဓရ ဦးဝင်း+ဒေါ်သိန်း သား သရုပ်ဆောင် နေမင်းခ မိသားစုမှ လှူဒါန်းခဲ့ကြောင်း သိရသည်။

တွံတေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၈၀)မှ သံဃာတော်အပါး(၁၀၀၀)ကျော်နှင့် သီလရှင် ဆရာကြီး ဆရာလေးအပါး(၃၀၀)ကျော် တို့အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာ၊ ညွှန်ကြားချက်နှင့်အညီ အာရုံဆွမ်း လောင်းလှူခြင်း၊ ဘုန်းတော်ကြီးကျောင်း(၈၀)ကို တစ်ကျောင်းလျှင် ဆန်တစ်အိတ်၊ ဆီ(၅) ပိဿာ ဆား(၃)ပိဿာ၊ ကြက်သွန်နီ(၅)ပိဿာတို့ကို လှူဒါန်းခဲ့ပြီး ပရိယတ္တိ စာသင်တိုက် (၄)တိုက်၊ သီလရှင်စာသင်တိုက်(၂)တိုက်နှင့် ဘုရားကြီးကျေးရွာ မင်္ဂလာပရဟိတ မိဘမဲ့ဘုန်းတော်ကြီးကျောင်း များသို့ တစ်ကျောင်း လျှင် ဆွမ်းဆန်(၅)အိတ်စီနှင့် ရေသန့်ဘူးများ ထပ်မံလှူဒါန်းပေးခဲ့ကြောင်း သိရ သည်။

မျိုးလှိုင်(တွံတေး)