နမ္မတူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ကွန်ပျူတာနှင့် ပရင်တာ ပေးအပ်လှူဒါန်း

 

နမ္မတူ စက်တင်ဘာ

စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD)မှ နမ္မတူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးသို့ ကွန်ပျူတာနှင့် ပရင်တာ ပေးအပ်လှူဒါန်း ခြင်းကို ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့သည်။

ထိုသို့ပေးအပ်လှူဒါန်းရာတွင် စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD) မှ စီမံကိန်းမန်နေဂျာ ဦးအင်းနော်ဆင့်က နမ္မတူမြို့နယ် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအတွက် (AUSU) ကွန်ပျူတာ ()လုံးနှင့် Canon LBP 3060 ပရင်တာ ()လုံးအား ဒုတိယဦးစီးမှူး ဦးဝေထွန်းအောင် လက်ဝယ်သို့ ပေးအပ်လှူဒါန်းခဲ့သည်။

စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD) အနေဖြင့် နမ္မတူမြို့နယ် မြို့နယ်ဆင့် ဌာနဆိုင်ရာများဖြင့် ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကူညီဆောင်ရွက်ပေးခြင်း၊ မြို့နယ်အတွင်းရှိ စီမံကိန်း ကျေးရွာ (၁၉)ရွာနှင့် (IDP)စခန်း (၃)ခုတို့တွင်၊ ဖွံ့ဖြိုးရေးနှင့် သက်မွေးဝမ်းကျောင်း အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ထောက်ပံ့ကူညီ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)