ပေါက်တောမြို့နယ် ပြန်/ဆက်ဦးစီးဌာန ဝန်ထမ်းများက ဦးမြဝါပန်းခြံသို့ သွားရောက်ပြီး စာဖတ်ပရိတ်များအား စာအုပ်စာစောင်များ အခမဲ့ ငှားရမ်းပေး

ပေါက်တော မေ ၅

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရပ်ကွက်များ အတွင်းသို့ ကွင်းဆင်း​ပြီး မိုဘိုင်းစနစ်ဖြင့် အိမ်အရောက် သုတရသ စာအုပ်စာစောင်များအား စနစ်တကျ အခမဲ့ငှားရမ်း ပေးလျက်ရှိကြသည်။ ထို့သို့  မိုဘိုင်း စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးလျက်ရှိရာ၌ ယမန့်နေ့ ညနေ ၄ နာရီက ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံ ကလေးအားကစားကွင်း သို့သွားရောက်ကာ စာဖတ်ပရိတ်သတ်များနှင့် လူငယ်များအား သုတရသ စာအုပ် စာစောင်များကို စနစ်တကျ အခမဲ့ငှားရမ်းပေးကြသည်။
​​ပေါက်တောမြို့ရှိ ဦးမြဝါပန်းခြံကလေးအားကစားကွင်း၌ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်း​ပေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ညနေ ၄ နာရီတွင် ငှားရမ်းပေးသွားမည်ဖြစ်​ကြောင်းသိရသည်။

ဝင်းမင်းစိုး(ပြန်/ဆက်)