မိုင်းဖြတ် စက်တင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မိုင်းဖြတ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားကုစားမှုအစီအဉ်(CERP)အရ မိုးစပါးမျိုးစေ့ထုတ် ဧက၅၀ ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်၈နာရီက ဝမ်ပုံကျေးရွာရှိ တောင်သူ ဦးခမ်းကျောက်၏ ဆင်းဧကရီ-၃ မိုးစပါးစိုက်ခင်း၌ မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးစေ့တာဝန်ခံ ဦးအေးကို နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်နှင့်ဝန်ထမ်းများ၊ တောင်သူများက ဝမ်ပုံကျေးရွာရှိ တောင်သူဦးခမ်းကျောက်၏ ဆင်းဧကရီ-၃ မိုးစပါးစိုက်ခင်း၌ မျိုးကွဲနုတ်ပယ်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့သည်။
ယင်းနောက် ဝမ်ပုံကျေးရွာရှိ တောင်သူများကို တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင် မျိုးစေ့တာဝန်ခံ ဦးအေးကိုက မျိုးကွဲနုတ်ပယ်ရခြင်းအကြောင်းကို ရှင်းလင်းပြောကြားပြီး ခရိုင်သီးနှံ ကာကွယ်ရေးတာဝန်ခံ ဦးရဲဝင်က ပိုးမွှားရောဂါကျရောက်ခြင်း မရှိစေရေး၊ ကြိုတင်ကာကွယ်ရေး နည်းလမ်း များကို ရှင်းလင်း ပြောကြားခဲ့သည် ။ ယင်းနောင် ခရိုင်မြေအသုံးချရေးတာဝန်ခံ ဒေါ်မြဥမ္မာက ဓာတ်မြေသြဇာ ထည့်သွင်းရာတွင် အချိန်ကိုက်၊ အချိုးကျထည့်သွင်းရေး၊ သဘာဝမြေသြဇာပြုလုပ်သုံးစွဲရေးတို့ကို ရှင်းလင်း အသိပညာ ပေးခဲ့သည်။
မျိုးကွဲနှုတ်ပယ်ခြင်းလုပ်ငန်းမှာ စပါးမျိုးစေ့ထုတ်လုပ်ငန်းတွင် မျိုးသန့်ရရှိရေးအတွက် မဖြစ်မနေ ဆောင်ရွက်ရသည့် လုပ်ငန်း တစ်ရပ်ဖြစ်ပြီး မျိုးစေ့ထုတ်စိုက်ခင်းအားလုံး စပါးပင်သက်တမ်းအလိုက် ၃ကြိမ် ဆောင်ရွက်မည်ဖြစ်ပြီး ယခုတစ်ကြိမ်သည် ပထမအကြိမ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ စီးပွားကုစားမှု အစီအစဉ်အရ ဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ခင်းကို တောင်သူ ၁၉ ဦးနှင့် ဧက ၅၀ကို စိုက်ပျိုးထားရှိကြောင်း” မြို့နယ် ဦးစီးမှူး ဦးသန်းထွဋ်လွင်ထံမှ သိရှိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)