မချမ်းဘော မေ ၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် အင်ဂါဒိန်ချက်ကျေးရွာအုပ်စု မရွတ်ဒန်းကျေးရွာရှိ ရှငန်ဘန်လမ်းတွင် ပြည်သူများ သွားလာနိုင်ရေး ရှင်းလင်းဆောင်ရွက်ရန် လိုအပ်သည့် စက်သုံးဆီဖိုးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ ယမန်နေ့ ညနေ ၃နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှငန်ဘန်လမ်းသည် ဆိုင်ကယ်သွားလမ်းဖြစ်ပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များပြိုကျသဖြင့် လမ်းပိတ်ဆို့မှုဖြစ်ကာ ပြည်သူများသွားလာရန် အခက်အခဲဖြစ်၍ အများပြည်သူသွားလာနိုင်ရေးရှင်းလင်းဆောင်ရွက်ရန်အတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး အဆိုပါ စက်သုံးဆီဖိုးထောက်ပံ့ငွေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ ပူးပေါင်း၍ ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းထောက်ပံ့ငွေ အင်ဂါဒိန်ချက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အုပ်စုစာရေးတို့မှ လက်ခံခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်