ငါန်းဇွန်မြို့၌ အခြေခံသိုင်းပညာနှင့် အေရိုးဗစ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ငါန်းဇွန် မေ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ညနေ ၄ နာရီ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံသိုင်းပညာနှင့် အေရိုးဗစ်သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပသည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောခန္တီရှိန်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်နေခြည်ဦးက လူငယ်လူရွယ် ကျောင်းသား/ သူများ နွေရာသီကျောင်းပိတ်ရက် အားလပ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချခြင်း ကျန်းမာကြံ့ခိုင်၍ အသိဉာဏ်ပညာတိုးပွားစေပြီး အနာဂတ်လူငယ်များ ဖြစ်ပေါ်လာစေရန် အခြေခံ သိုင်းပညာနှင့် အေရိုးဗစ်သင်တန်း ဖွင့်လှစ်ရာတွင် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးကြသူများ အားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါ ကြောင်းပြောကြားသည်။ ထို့နောက် အခြေခံသိုင်းပညာနှင့် အေရိုးဗစ်သင်တန်း နည်းပြများဖြစ်သော အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ် အားကစားမှူး ဦးလှိုင်မိုးဟိန်းနှင့် အကြီးတန်းစာရေး ဒေါ်မို့မို့စံတို့အား ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးတို့က ဂုဏ်ပြု မှတ်တမ်းလွှာများ အသီးသီးပေးအပ်ကြပြီး မြို့နယ်အားကစားမှူးက ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးဝင်းအတွင်း ပိုက်ကျော်ခြင်းအားကစားကွင်း အသုံးပြုရန် ခြင်းလုံး () လုံးနှင့် သင်တန်းသား/သူများအတွက် အားကစားအင်္ကျီ အထည် (၇၀) ပေးအပ်လှူဒါန်းရာ မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးက လက်ခံရယူသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးဝင်းအတွင်း၌ သင် တန်းသား/သူများ၏ အခြေခံသိုင်းပညာနှင့် အေရိုးဗစ်သရုပ်ပြခြင်းအား အခမ်းအနားသို့ တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် မိဘပြည်သူများက ကြည့်ရှုအားပေးကြပြီး သင်တန်းဆင်းပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရ သည်။

သက်နောင်ဦး(ငါန်းဇွန်)