ကျိုင်းတုံမြို့နယ်အတွင်း လေဘေးသင့်အိမ်ထောင်စုများအား ဆန်ရိက္ခာနှင့် အိမ်ဆောက်ပစ္စည်း များထောက်ပံ့

ကျိုင်းတုံ မေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်အတွင်း မေလ ၁ ရက်က လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် လေဘေးသင့်ခဲ့သည့် အိမ်ထောင်စုများအား ဆန်ရိက္ခာ၊ အိမ်ဆောက်ပစ္စည်းများနှင့် ကယ်ဆယ်ရေးပစ္စည်းများကို  ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများနှင့်တာဝန်ရှိသူများက မေ ၃ ရက် တွင်  လေဘေးသင့်ပြည်သူများ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ရာတွင် ကျိုင်းတုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ မိုင်းဇင်းကျေးရွာ အုပ်စုများရှိ ကျေးရွာများမှ လေဘေးသင့်ခဲ့သည့် အိမ်ခြေ(၉)လုံး၊ အိမ်ထောင်စု (၉)စုနှင့် လူဦးရေ ၃၇ ဦး အတွက် ဆန်ရိက္ခာ ၇ ရက်စာအတွက် ငွေကျပ် ၇၇၇၀၀၊ အိမ်ဆောက်ပစ္စည်းတန်ဖိုး ငွေကျပ် ၈၃၀၀၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)