ဒဂုံ မေ ၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ်၊ ပြည်လမ်းအရှေ့ရပ်ကွက်၊ မြို့မကျောင်းလမ်း၊ အိမ်တော်ရာ စေတီတော်ဝင်းအတွင်းရှိ ရတနာ့ဗိမာန်တော် တန်ဆောင်းတွင်ယမန်နေ့နံနက် (၉:၀၀) နာရီမှ (၁၂:၁၅)နာရီ အချိန်ထိ Astra Zeneca အမျိုးအစား ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေး (Booster Dose) ထိုးနှံပေးခြင်း ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆေးထိုးနှံရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(Astra Zeneca)ဆေးထိုးနှံခြင်းအား ဒဂုံမြို့နယ်အတွင်းရှိ ဦးဝိစာရ ရပ်ကွက်၊ ယောမင်းကြီးရပ်ကွက်၊ပြည်လမ်းအရှေ့ရပ်ကွက်၊ ဘုရားကြီးရပ်ကွက်နှင့် ပြည်လမ်း အနောက်ရပ်ကွက်တို့မှ အသက် (၁၈) နှစ်နှင့် အထက် ရပ်ကွက်နေပြည်သူ ကျား (၄၅)ဦး၊မ(၆၅)ဦး လူဦးရေ စုစုပေါင်း (၁၁၀) ဦး တို့အားထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ၁ လုံးလျှင် ၁၀ ဦးနှုန်းဖြင့် (၁၁၀) ဦးအတွက် ဆေးအလုံးရေ (၁၁) လုံးအား ထိုးနှံပေးခဲ့သည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီး ဌာန၏လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံ ပေးခဲ့ကြောင်း သိရှိ ရသည်။
ကာကွယ်ဆေးထိုးနှံပေးရာနေရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံ တစ်ရာမရှိစေရေးအတွက် ဒဂုံမြို့ နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူကျော်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်း မာရေးဦးစီးဌာနမှူး ဒေါက်တာရွှေပြည်နှင့် ကျန်းမာရေးဝန်ထမ်းများ ၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
မေသန္တာ