ဒဂုံအရှေ့ မေ ၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပြည်သူများအတွက် ကိုဗစ်- ၁၉ ကာကွယ်ဆေး ရာခိုင်နှုန်းပြည့် လွမ်းခြုံမှုရှိစေရန် အသက် (၁၅) နှစ်မှ (၁၈) အတွင်း နှင့် အသက် ၁၈ နှစ်အထက်ပြည်သူများ ကိုဗစ်-၁၉ ကာကွယ်ဆေးများအား ၇ ရပ်ကွက်ဒေသန္တရတွင် နေ့စဉ် ပုံမှန် နံနက် ၉ နာရီမှ စတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ကာကွယ်ဆေး ထိုးနှံသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှ ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
၎င်းနောက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသူ၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာရှင် Volunteer များနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ရာ မေလ ၄ ရက်နေ့တွင် Covishield ပထမအကြိမ်၊ ဒုတိယအကြိမ် ထိုးနှံသူ (၆၆) ဦး၊ Sinopharm နို့တိုက်မိ ခင်ပထမအကြိမ်နှင့် ဒုတိယအကြိမ်ထိုးနှံသူ (၅) ဦး စုစုပေါင်း (၇၁) ဦး ထိုးနှံပေးခဲ့ကြောင်း သတင်းရ သည်။
ဝင်းအိမွန် (ဒဂုံအရှေ့ပြန်/ဆက်)