ရန်ကုန် မေ ၅
အစိုးရဓမ္မာစရိယစာမေးပွဲများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာဖြေဌာန အသီးသီးတို့၌ နေ့လယ် ၁၂ နာရီအချိန်မှ ညနေ ၄ နာရီ အချိန်အထိ စတုတ္ထနေ့အဖြစ် တစ်ပြိုင်နက် ကျင်းပသည်။
အဆိုပါ စာဖြေဌာနများအနက် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ အောင်သုခ ဓမ္မရိပ်သာ စာဖြေဌာနသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက် အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဇောတိဿရ (ကြံခင်း) အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီး ၃ ပါး၊ သာသနာရေးရာနှင့် ဝိနိစ္ဆယဌာနခွဲ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ဧပြီ ၃ ရက်နေ့၊ နေ့လယ် ၁ နာရီ အချိန်၌ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။ ထို့နောက် သာသနာရေးဦးစီးဌာနက လှူဒါန်းသော နဝကမ္မ အလှူတော်ငွေများကို သာသနာရေး ဦးစီးဌာန၊ သာသနာရေးရာနှင့် ဝိနိစ္ဆယဌာနခွဲ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အဆိုပါ စာဖြေဌာနရှိ ကြီးကြပ်ရေး ဆရာတော်များထံ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
အောင်မြင့်