သထုံမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်မှု ဆောင်ရွက်

သထုံ မေ ၄

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ဖြစ်ပွားမှု ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်က သထုံမြို့‌အတွင်းရှိ ရပ်ကွက်များ၌ လက်ကိုင်အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြသည်။

အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ကူးစက်ပျံ့နှံ့မှု ရှိနေပြီဖြစ်ရာ ပိုမိုသတိပြုရန်လိုအပ်ပြီး အိုမီခရွန် မျိုးကွဲသစ်သည် မူလကိုဗစ်-၁၉နှင့် မတူတော့ခြင်း၊ ယခင် ကိုဗစ်-၁၉ရောဂါ ဖြစ်ဖူးသူများလည်း ထပ်မံဖြစ်ပွား နိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူများအား  အတတ်နိုင်ဆုံး မိမိအိမ်တွင် နေထိုင်ရေး၊ မိမိ‌နေအိမ်ပြင်ပ ထွက်ခွာရပါက Mask ကိုစနစ်တကျ တပ်ဆင်‌ပြီး လူစုလူဝေး နေရာများကို ရှောင်ကြဥ်‌ရေး‌၊ လက်ကို မကြာခဏ ဆေးကြော‌ရေး၊ အပြင်မှပြန်လာတိုင်း Mask ကို စနစ်တကျ စွန့်ပစ်ပြီး အဝတ်မလဲမီ၊ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်မီ၊ အိမ်သားများနှင့် အနီးကပ် မထိတွေ့‌စေရေး‌၊ ရောဂါကူးစက်ပါက  နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရေး၊ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ဆောင်ရန်/ရှောင်ရန် အချက် များကို လိုက်နာခြင်း၊ ကာကွယ်ဆေးမပျက်မကွက်ထိုးနှံခြင်းတို့ဖြင့် ပြည်သူများက ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေရေး စသည်တို့ကို လိုက်လံ နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ကိုကိုဦး(သထုံခရိုင်ပြန်/ဆက်)