ပင်းတယမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ကိုဗစ်-၁၉ရောဂါ အကြောင်း အသိပညာပေး TALK SHOW ဆောင်ရွက်

ပင်းတယ မေ ၄

ရှမ်းပြည်နယ်တောင်ပိုင်း၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး(ပင်းတယ) လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက ကိုဗစ်-၁၉ရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သည့် ကိုဗစ်-၁၉ရောဂါ အကြောင်းအသိပညာပေး Talk Show အစီအစဉ်တွင် ပင်းတယမြို့နယ်၊ မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာမို့မို့ကြည်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး (ပင်းတယ)မှ ဦးစီးအရာရှိ ဒေါ်မိုးမိုးထွေးတို့မှ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ၊ ကုသပုံ ကုသနည်း၊ ကူးစက်ပုံ ကူးစက်နည်း၊ ရောဂါလက္ခဏာ၊ မြန်မာနိုင်ငံသာမက ကမ္ဘာမှာဖြစ်ပွားနေသည့် ကိုဗစ်ရောဂါပိုးအခြေအနေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းအားဖြင့် ကျန်းမာရေးအတွက် အထောက်အကူရရှိစေမည့်အကြောင်း၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ရောဂါကူးစက်မှုမှ ကာကွယ်ရန် ဆောင်ရန်ရှောင်ရန်များ၊ လိုက်နာရမည့်အချက်များ၊ ကိုဗစ်ရောဂါ စစ်ဆေးပေးနေမှုနှင့် ကုသရေးဆိုင်ရာများ၊ ရောဂါမဖြစ်မိ ကြိုတင်ကာကွယ်ရန်အတွက် နှာခေါင်းစည်းအားစနစ်တကျ တပ်ဆင်ကြရန်နှင့်လက်ကို မကြာခဏ ဆေးကြောသင့်ကြောင်း၊ ယခုအခါ သတ်မှတ်ထားတဲ့ အသက်အရွယ်အလိုက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ကျန်းမာရေးဌာနမှ ထိုးနှံပေးနေပြီဖြစ်ရာ

ကာကွယ်ဆေးအား အပြည့်အဝထိုးနှံသင့်ကြောင်း စသည့်တို့အား အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

ပင်းတယ (ပြန်/ဆက်)