ဇေယျာသီရိ မေ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်သည့် အထက်တန်း ကျောင်းအုပ်ကြီးများ၊ အလယ်တန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားတွင် ဇေယျာသီရိမြို့နယ်၊ မြို့နယ်ပညယရေးမှူး ဦးခင်မောင်လွင်က ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲတွင် စီမံ၊ ဘဏ္ဍာ၊ ပညာ၊ စစ်ဆေး၊ စာရင်းအင်းဘာသာရပ်တွေ ပါဝင်မှာဖြစ်ပြီး ကျောင်းအုပ်ကြီးများအတွက် များစွာ အကျိုးရှိပြီး မိမိတို့လုပ်ငန်းခွင်မှာ အသုံးချနိုင်မယ့် အလုပ်ရုံဆွေးနွေးပွဲဖြစ်တာကြောင့် ဆရာ/ဆရာမအနေဖြင့် စိတ်ပါဝင်စားစွာ တက်ရောက်လေ့လာရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပြီး ဥတ္တခရိုင်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်အေးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ အထက်တန်းကျောင်းအုပ်ကြီးများနှင့် အလယ်တန်းကျောင်းအုပ်ကြီး စုစုပေါင်း ၅၁ ဦးဖြင့် မေ ၅ရက်အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)