မြောက်ဦးခရိုင် မီးသတ်တပ်ဖွဲ့ဝင်များက (၇၆) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

မြောက်ဦး မေ ၄

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် (၇၆) နှစ်မြောက် မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့်  ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မြောက်ဦးမြို့ရှိ ကရုဏာလှိုင်းသွေးလှူရှင်များ အသင်းနှင့် ပူးပေါင်း၍ ယမန်နေ့က ပြည်သူ့ဆေးရုံ တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါတပ်ဖွဲ့ဝင်များသည်  သွေးလှူဒါန်းနေမှုကို၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးလှဝင်းနှင့် ဒုမီးသတ် ဦးစီးမှူး ဦးစန်းလွင်တို့ လာရောက်ကြည့်ရှုအားပေးကြပြီး  ကရုဏာလှိုင်း သွေးလှူရှင်များအသင်းနှင့် မီးသတ်ဌာန တို့ ပူပေါင်း၍ အားဖြည့်အစားအစာများနှင့် ထောက်ပံ့ငွေများ  ပေးအပ်ခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)