မင်္ဂလာဒုံမြို့နယ်၌ စာ​ပေဖတ်ရှု လေ့လာခြင်းဖြင့် ရရှိလာမည့်အကျိုး​ကျေးဇူးများကို လူငယ်များအား အသိပညာ​​ပေး ​ဟော​ပြော​ဆွေး​နွေး

မင်္ဂလာဒုံ မေ ၄

ရန်ကုန်​မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် လူငယ်များအား စာ​ပေဖတ်ရှုလေ့လာခြင်းဖြင့် ရရှိလာမည့် အကျိုး​ကျေးဇူးများအား အသိ ပညာ​​ပေး​​ဟော​ပြောခြင်းနှင့် စာအုပ်စာ​စောင်ပြပွဲကို ယမန်နေ့မွန်းလွဲပိုင်းက သ​ပြေညိုပညာဒါနအကျိုး​​ဆောင်အသင်း၏ သင်တန်းခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့ကြသည်။

အသိပညာ​ပေး​ဟော​ပြောပွဲတွင် မင်္ဂလာဒုံမြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ​ဒေါ်ဆုလှိုင်က လူငယ်နှင့်ရည်မှန်းချက်၊ စာတက်ဖို့သာမက ပညာတက်ဖို့ ကြိုးစားပါ၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်​ပေါင်းသင်းဆက်ဆံ​ရေး၊ လူငယ်နှင့်ကျန်းမာ​ရေး၊ လူငယ်နှင့်ကြီးပွား​ရေး၊ မျိုးဆက်သစ်လူငယ်များ မျိုးချစ်စိတ်ရှင်သန်ထက်မြက်​ရေးအကြောင်းအရာများကို အသိပညာ​ပေး​ဟော​​ပြောခဲ့သည်။

လူငယ်၊ လူရွယ်များစာ​ပေဖတ်ရှုလေ့လာခြင်းအားဖြင့် အသိပညာဗဟုသုတများတိုးပွားလာ​စေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနနှင့် သ​ပြေညိုပညာဒါန အကျိုး​ဆောင်အသင်းတို့ ပူး​ပေါင်းကာ အသိပညာ​ပေး​ဟော​ပြောပွဲကို ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး​ အသိပညာ​ပေး​ဟော​ပြောပွဲသို့ တက်​ရောက်လာကြသည့်​ကျောင်းသား၊ ကျောင်းသူ လူငယ်၊ လူရွယ်များမှလည်း မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာ​စောင်များကိုလည်း ဖတ်ရှုလေ့လာခဲ့ကြ​ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)