ပေါက်တောမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ထိုးနှံလျက်ရှိ

ပေါက်တော မေ ၄

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံခြင်းကို ယမန်နေ့နံနက် (၉) နာရီမှ ပေါက်တောမြို့နယ်အတွင်းရှိ သတ်မှတ် ထားသော ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများက စာရင်းကောက်ယူခြင်း၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီ ဆောင်ရွက်ပေးခဲ့သည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင်  မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကိုကိုအောင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေး ဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန် တိုင်းတာခြင်း၊  သွေးပေါင်ချိန် တိုင်းတာ ခြင်း စသည့် ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ကာ ပုံမှန်အခြေအနေရှိသူများအား ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ကာကွယ်ဆေး Booster Dose ကို ယမန်နေ့က နိုင်ငံ့ဝန်ထမ်း (၂၂) ဦး၊ ပြည်သူလူထု (၇၃၈) ဦး၊ စုစုပေါင်း (၇၆၀) ဦး သတ်မှတ်ထားသော ဆေးထိုးစုရပ်များတွင် လာရောက်ထိုးနှံခဲ့ကြကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)