မြောက်ဦး မေ ၄
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာန ဆိုင်ရာများမှလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ယမန်နေ့ နေ့လည် ၂ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှ သျှစ်သောင်းပွဲ ကျင်းပနိုင်ရန် အတွက် သက်ဆိုင်ရာ ဌာနများမှ ပေါင်းစပ် လုပ် ဆောင်ကြရန်နှင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးတာဝန်များ သေချာစွာလုပ် ဆောင်ကြရန်၊ ECI မှတ်ပုံတင်ဦးစီးဌာနအသစ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အီလစ်ထရနစ် စနစ်ဖြင့် လုပ် ဆောင်နေမှုများအား ရက်ပေါင်း (၆၀) အတွင်း ပြီးစီးနိုင်ရန်အတွက် ဌာန များအနေဖြင့် ပေါင်းစပ် လုပ်ဆောင်ကြရန် တို့ကိုမှာကြားခဲ့သည်။ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်၊ အတွင်း ရေးမှူး ဒုတိယ ရဲမှူးကြီး ခင်မောင်စိုးကလည်း လမ်းစည်း၊ ယာဉ်စည်းကမ်း အသိပညာလုပ်ငန်းများကို လုပ်ဆောင်ကြရန် တို့ကို ပြောကြား ခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယ ဗိုလ်မှူးကြီး တင်ထူးလှိုင်မှလည်း မြောက်ဦးမြို့တွင်းရှိ ပြည်သူလူထုများ အမှိုက်များ သေချာ စွန့်ပစ်ကြရန် အသီပညာပေးလုပ်ငန်းများ စဉ်ဆက်မပြတ်လုပ် ဆောင်ကြရန် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်း လုပ်ဆောင်ကြရန် တို့ကိုပြောကြားခဲ့သည်။ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်း ကျော်မှလည်း လက္ကာ ကျွေးရွာဘုန်းတော်ကြီးကျောင်းရှိ ဆွမ်းချက်ဆောင် (၇၇) ရာခိုင်နှုန်းပြီးစီးမှုတို့ကို လည်းကောင်း ခရိုင်လူဝင် မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှလည်း အီလစ်ထရနစ် စနစ်ဖြင့် မှတ်ပုံတင် တင်သွင်းပြုလုပ်ဆောင်ရွက်နေမှုအခြေ အနေတို့ကိုလည်း ကောင်းပြောကြား ခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌမှ ခရိုင်အဆင့်ဌာန ဆိုင်ရာများ၏ လုပ်ငန်းများကို ညှိနှိုင်းပေါင်းစပ်၍လုပ်ဆောင်ကြရန် ပြောကြားခဲ့ကြောင်း သိရသည်။
မြင့်စိုး (ပြန်/ဆက်)