မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံ

မိုင်းလုံ မေ ၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံအချို့ကို ယခုလိုပဲ သိရပါသည်။

ဦးလေးကတော့ ဦးစိုင်းလင်းဖြစ်ပါတယ်။ အသက်က(၄၈)နှစ်ရှိပြီး၊ အောက်ရပ်ကွက်တွင် နေထိုင်ပါတယ်။ ဦးလေးကတော့ အိမ်မှာနေပြီးခြံစိုက်တယ်။  မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများစတင် ထိုးနှံပေးသည့်လတွင် ထိုးနှံခြင်းမပြုခဲ့ပါ။ ၂၀၂၂- ၁- ၅ ရက်နေ့မှာ ပထမအကြိမ် ထိုးနှံခဲ့ခြင်းဖြစ်ပါတယ်။ ၂၀၂၂- ၂- ၄ ရက်နေ့မှာဒုတိယအကြိမ် ထိုးနှံခဲ့ပါတယ်။ အမျိုးသမီးက ဈေးရောင်းတယ်ဆိုတော့ ဦးလေးလည်းလူအများနဲ့နေ့စဉ် ပြောဆိုဆက်ဆံ နေရတာဖြစ်တဲ့အတွက်  ကာကွယ်ဆေးထိုးထားဖို့ လိုအပ်တာပေါ့။ ကာကွယ်ဆေး ထိုးနှံပြီးတော့ ဖျားလည်းမဖျား ကိုက်ခဲမှုလည်းမရှိပါဘူး။  ကာကွယ်ဆေးထိုးနှံဖို့ ဘာလို့ ပိုလိုအပ်လဲဆိုရင် တစ်ခါတလေ ဟင်းသီးဟင်းရွက်တွေကို  မြို့တွင်းလိုက်ပို့ရသောကြောင့် ကိုယ်ကြောင့် တပါးသူကိုရောဂါကူးစက်မှုမရှိစေရန် ထိုးခြင်းဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးထားပါက အများအတွက်လည်း အဆင်ပြေသလို၊ ကိုယ်တိုင်လည်း ရောဂါကူးစက်နိုင်မှုမှ ကာကွယ်နိုင်တဲ့အတွက် လူတိုင်းကာကွယ်ဆေး ထိုးနှံကြပါလို့ တိုက်တွန်းချင်ပါတယ်။ အခမဲ့ထိုးနှံပေးခြင်းကြောင့် ငွေကုန်ကြေးကျမရှိလို့ အသက် (၁၈)နှစ် ပြည့်ပြီးသူတိုင်း သွားရောက်ထိုးနှံသင့်‌တယ်လို့ ပြောကြားခဲ့ကြောင်း သိရပါသည်။

ဇော်ဇော်(ပြန်/ဆက်)