ဒဂုံမြို့နယ် ပြန်/ဆက်ရုံး (Community Centre)တွင် မြန်မာစကားပုံဆက်ပြိုင်ပွဲနှင့်ဆု​ပေးပွဲ ကျင်းပ

ဒဂုံ မေ ၄

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်း သူများ စာ​ပေအား​လေးစားမြတ်နိုးတတ်​စေပြီး၊ အသိဉာဏ်ပညာတိုးပွား​စေရန်၊ မြန်မာစကားပုံများအား ​ကျောင်းသားလူငယ်များ အ​လေးထား တန်ဖိုးထားတတ်ကြ​စေရန်နှင့် စာဖတ်သည့်အ​လေ့အထ တိုးတက်​စေရန် ရည်ရွယ်၍ မြန်မာစကားပုံဆက်ပြိုင်ပွဲအား ယနေ့နံနက် ၁၀ နာရီက ဒဂုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပခဲ့ပြီးဆုများအား ချီးမြှင့်​ပေးအပ်ခဲ့သည်။

ကျောင်းသား​၊ ကျောင်းသူများအ‌နေဖြင့် မြန်မာနိုင်ငံ၏နေ့ထူးနေ့မြတ်များ၊ သမိုင်းအစဉ်အလာများ၊ မြန်မာစကားပုံများအား သိရှိနားလည်ကြ​ပြီး တန်ဖိုးထား​လေးစားတတ်ကြစေရန်၊ အသိပညာဗဟုသုတကြွယ်ဝပြီး မျိုးဆက်သစ်လူရည်ချွန်များ ထွက်ပေါ်လာစေ၍ အာရုံစူးစမ်း လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်မှုရရှိလာစေရန် ပြပွဲပြိုင်ပွဲများအား ဆက်လက်ပြုလုပ် ကျင်းပ​ပေးသွားမည်ဖြစ်​ကြောင်း သိရှိရသည်။

မေသန္တာ