အလုံမြို့နယ်လူထုအ​ခြေပြုဗဟိုဌာန(Community Centre)၌ စကားပုံဆက်ပြိုင်ပွဲ​ဆောင်ရွက်

အလုံ ​မေ

ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအ​ခြေပြုဗဟို ဌာန(Community Centre)တွင် မေလ ၃ ရက်​နေ့၊ မွန်းလွဲ(:၀၀)နာရီအချိန်က မြန်မာ့ရိုးရာစကားပုံဆက်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့​ကြောင်းသိရသည်။

အဆိုပါ ပြိုင်ပွဲများကို ကျောင်းသား၊ လူငယ်များစာကြည့်တိုက်တွင် ပျော်ရွှင်​စေရန်နှင့် မြန်မာ့ရိုးရာစကားထားများကို အ​လေးထားတန်ဖိုးထားတတ်​စေရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်သည်။

ပြိုင်ပွဲများကျင်းပရာတွင် ရှေးဦးစွာပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇာလင်းမှ စာဖတ်ခြင်း၏အကျိုး​ကျေးဇူးများ၊ စာကြည့်တိုက်ဝန်​ဆောင်မှုများအ​ကြောင်းနှင့် ပြိုင်ပွဲစည်းကမ်းများကို ရှင်းလင်း​ဟော​ပြောခဲ့သည်။

အဆိုပါပြိုင်ပွဲများတွင် ပြိုင်ပွဲဝင်(၁၀)ဦး ဝင်​ရောက်ယှဉ်ပြိုင်ခဲ့ရာ ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများချီးမြှင့်ခဲ့​ကြောင်း သတင်းရရှိသည်။

တင်တင်ချို(ပြန်/ဆက်)