ကမာရွတ်မြို့နယ် လူထုအ​ခြေပြုဗဟိုဌာန (Community Centre) ၌ ဉာဏ်စမ်းပ​ဟေဠိပြိုင်ပွဲ ကျင်းပ

ကမာရွတ် မေ ၃

​လူငယ်၊ လူရွယ်များ ​နွေရာသီ​ကျောင်းပိတ်ကို အကျိုးရှိစွာဖြင့် အသုံးချတတ်​စေရန်နှင့် အသိညဏ်များလျှင်မြန်စွာ ဖွံဖြိုးတိုး​စေရန်နှင့် က​လေး လူငယ်များအချိန်ကို အကျိုးရှိစွာ အသုံးချနိုင်​စေ​ရေး၊ သွက်လက်ထက်မြက်​စေ​ရေးအတွက် ရည်ရွယ်ကာ ဉာဏ်စွမ်းပ​ဟေဠိ စွမ်းရည်ပြိုင်ပွဲကို ယ​နေ့ နံနက် ၁၁ နာရီအချိန်က စတင်ကာ  ကမာရွတ်မြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊   လူထုအ​ခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်​ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် မြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်​ဆံ​ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ​ဒေါ်စိမ်းလဲ့က ဉာဏ်စွမ်းပ​​ဟေဠိစွမ်းရည်ပြိုင်ပွဲ ပြုလုပ်​ပေးရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း​ပြောကြားပြီးအမှတ်​ပေး ဆရာမှ ပြိုင်ပွဲစည်းကမ်းများနှင့် ပြိုင်ပွဲမှရရှိ​သော ပညာဗဟုသုတများ အကြောင်းကို ရှင်းလင်း​ပြောကြားခဲ့သည်။

ထို့​နောက် ကမာရွတ်မြို့နယ်အတွင်းရှိ အ​ခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းများမှ​ ကျောင်းသား၊ ​ကျောင်းသူ (၂၀) ဦးဝင်​ရောက်​ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများချီးမြှင့်​ပေးခဲ့​ကြောင်း သတင်းရသည်။

စိမ်းလဲ့(ပြန်/ဆက်)