မောင်တော မေ ၃
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသက်(၂)နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး ခြင်းကို မေလ ပထမအပတ်မှ စတင်ကာ ရပ်ကွက်ကျေးရွာများရှိ သတ်မှတ်စုရပ်နေရာများနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ ရုံးတို့တွင် ထိုးနှံ ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုင်ငန်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် လာရောက် ထိုးနှံသည့် မိခင်နှင့် အသက်(၂)နှစ်အောက်များအား နှာခေါင်းစည်း MASKများ စနစ်တကျ တပ်ဆင်စေခြင်းများ ဆောင်ရွက်စေပြီး ကျန်းမာရေး ဝန်ထမ်း များမှ ရပ်ကွက် ကျေးရွာများရှိ ကိုယ်ဝန်ဆောင် မိခင်နှင့် အသက် (၂) နှစ်အောက် ကလေးများအား အဆုတ်ရောဂါ ကာကွယ်ဆေး၊ ငါးမျိုးစပ်၊ ဆုံဆို့၊ ကြက်ညာ၊ အသည်းရောင် အသားဝါ၊ ဦးနှောက် အမြှေးရောင်၊ နမိုးနီးယား ကာကွယ်ဆေး၊ ပိုလီယိုသောက် ဆေးနှင့်ထိုးဆေး၊ မေးခိုင် ရောဂါ ကာကွယ် ဆေး၊ ဝမ်းရောဂါ ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းများကို အလှည့်ကျ စနစ်ဖြင့် ပုံမှန်ကာကွယ် ဆေးထိုးနှံပေး လျက်ရှိကြောင်းသိရသည်။
အဆိုပါ ဆေးထိုးနှံပေးခြင်းများကို မြို့နယ်အတွင်းရှိ အသက် (၂)နှစ် အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေး ဝန်ထမ်း ဆရာမများက အဖွဲ့များခွဲ၍ မြေပြင်ကွင်းဆင်းကာ ရပ်ကွက်ကျေးရွာများရှိ စုရပ် အသီးသီးတွင် မေလ ပထမအပတ်မှ ပုံမှန် ကာကွယ် ဆေးထိုးနှံ တိုက် ကျွေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး အပတ်စဉ် တနင်္လာနေ့တိုင်း မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်းအဖွဲ့ ရုံးတွင်လည်း ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)