သာကေတမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်တိုင်းကို ထောက်ပံ့ခြင်းအတွက် Ngwe Bike Application ကို Download ဆွဲ၍ စာရင်းသွင်းဝန်ဆောင်မှုပေး

ရန်ကုန် စက်တင်ဘာ ၃

ကိုယ်ဝန်ဆောင်မိခင်များအား COVID-19 စီးပွားရေးကုစားမှုအစီအစဉ်အရ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင် မိခင်တိုင်းကို ထောက်ပံ့ခြင်း တစ်ကြိမ်တည်း ၃၀၀၀၀/- (ကျပ်သုံးသောင်းတိတိ) ထောက်ပံ့ပေးသွားမည်ဖြစ်ရာ ထိုသို့ထောက်ပံ့ရာတွင် လွယ်ကူစေရန်အတွက် (Ngwe Bike) Application ကို Download ဆွဲ၍ စာရင်းသွင်းဝန်ဆောင်မှုကို သာကေတမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင် ဆောင်ရွက်ပေးကြောင်း သိရသည်။

အဆိုပါ Ngwe Bike Application စာရင်းသွင်းဝန်ဆောင်မှုများကို လာရောက် စာရင်းပေးသွင်း ချိန်တွင် ကိုယ်ဝန်ဆောင် မှတ်တမ်းစာအုပ်(သို့) ကိုယ်ဝန်အပ်သည့်အခါ ထုတ်ပေးလိုက်သည့် ဆေးမှတ်တမ်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် လက်ကိုင်ဖုန်းများကိုပါ အတူတကွ ယူဆောင်လာရန်လိုအပ်ပြီး သြဂုတ်လ (၂၄)ရက်နေ့မှ စက်တင်ဘာလ(၁၄) ရက်နေ့ အထိ ဆောင်ရွက် ပေးသွားမည်ဖြစ်ပြီး သိရှိရသည်။

ကိုဘုန်း(ပြန်/ဆက်)