ပုဏ္ဏားကျွန်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြှင့်အပ်ချုပ်သင်တန်းဖွင့်လှစ်

ပုဏ္ဏားကျွန်း မေ ၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အမျိုးသမီးများ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန်ရည်ရွယ်၍ အသက်မွေး ဝမ်းကျောင်း အထောက်အကူပြု အဆင့်မြှင့်အပ်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်း က ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ သင်တန်းခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သန့်ဇင်က သင်တန်းဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် သင်တန်းနည်းပြဆရာမ ဒေါ်အေးအေးဝင်းက သင်တန်းနှင့်သက်ဆိုင်သော သင်ခန်းစာများအား ရှင်းလင်းပြောကြားပြီး၊ သင်တန်းသူ အမျိုးသမီး(၂၀)ဦး တက်ရောက်ကာ အဆင့်မြှင့် အပ်ချုပ်နည်းပညာ ဘာသာရပ်များကို  ရက်ပေါင်း(၂၀)ကြာ စာတွေ့ လက်တွေ့ဖြင့် စနစ်တကျ (အခမဲ့)သင်ကြားပို့ချပေးလျက်ရှိကြောင်းသိရသည်။

နီထွန်းအောင်(ပြန်/ဆက်)