အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြီးမှူး၍ နှာခေါင်းစည်း(Mask)များ Campaign ပြုလုပ်

မန္တလေး စက်တင်ဘာ ၃

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှကြီးမှူး၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း(Mask)များ Campaignပြုလုပ်ခြင်းကို ယနေ့နံနက်၇နာရီက အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်၊ ၈၆လမ်း၊ ၁၂လမ်းနှင့် ၁၃လမ်း ကြား၌ ပြုလုပ်ကြသည်။

အဆိုပါ ကမ်ပိန်းပြုလုပ်ရာသို့ မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ တိုင်းတပ်ဖွဲ့မှူး ဦးကျော်ကျော်၊ ဦးစီးမှူး (ဒုတိယတန်း) ဦးသန်းထွန်း (စီမံ)၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ မြို့နယ်တပ်ဖွဲ့မှူး တင်မိုးအောင်နှင့် တပ်ခွဲမှူး၊ ဒုတိယတပ်ခွဲ့မှူး၊ တပ်စုမှူး၊ တပ်ဖွဲ့ဝင် များ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်း၍ လမ်းသွားလမ်းလာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်များ ဝေငှခြင်း၊ ပိုစတာများ ကပ်ထားခြင်းနှင့် နှာခေါင်းစည်း (Mask) အခု ၂၅၀၀တို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)