ရန်ကုန် စက်တင်ဘာ ၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများအမည်စာရင်းကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်ရုံးခွဲများတွင် (၃၀.၈.၂၀၂၀) ရက်နေ့မှ စတင်၍ကပ်ထားခဲ့သည်။
အဆိုပါစာရင်းတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း(၉)ဦး၊ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း(၄)ဦး၊ တိုင်းဒေသကြီး(၁)လွှတ်တော် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စား လှယ်လောင်း(၈)ဦး၊ တိုင်းဒေသကြီး(၂)လွှတ်တော်မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း(၇)ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မဲဆန္ဒနယ် (ရခိုင်တိုင်းရင်းသား လူမျိုး)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း(၆)ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် မဲဆန္ဒနယ် (ကရင် တိုင်းရင်းသား လူမျိူး)တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် လောင်း(၇)ဦး စုစုပေါင်း (၄၁)ဦး ပါဝင် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး သာကေတမြို့နယ်အတွင်းတွင် မဲရုံ (၂၁၁)ရုံ ထားရှိမည်ဖြစ်ကြောင်းသိရသည်။
ကိုဘုန်း(ပြန်/ဆက်)