ပေါင် မေ ၃
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်တွင် ကျောင်း/ရုံးဝန်ထမ်းများ ကွန်ပျူတာ အရည်အသွေး မြှင့်တင်ရေး နွေရာသီရက်တိုသင်တန်းကို ယမန် နေ့ နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးရုံး ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေးက ကွန်ပျူတာသင်တန်း ဖွင့်လှစ်ရခြင်းဖြင့် ယခုခေတ်သည် ကွန်ပျူတာခေတ်ဖြစ်သည့်အတွက် ကွန်ပျူတာကို လူတိုင်း အသုံးပြုနေကြသည့်အတွက် လူတိုင်း ကွန်ပျူတာ တတ်ရမည်၊ ကျွမ်းကျင်မှုမရှိသေးသည့် ဝန်ထမ်းများလည်း ပိုမို ကျွမ်းကျင်မှုရှိလာအောင် သင်ကြားပြသပေးရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ကွန်ပျူတာသင်တန်းကို စာရေး(၂)၊ စာရေး(၁)၊ ရုံးအကူ(၃၆)ဦးအား (၁၀)ရက်ကြာ သင်ကြားပြသပေး သွား မည်ဖြစ်ကြောင်းသိရသည်။
မိပေါင်
မြို့နယ်(ပြန်/ဆက်)