၂၀၂၂ ခုနှစ် အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲ မြစ်ကြီးနား၌ ကျင်းပ

မြစ်ကြီးနား မေ ၃

ကချင်ပြည်နယ် သာသနာရေးနှင့် ယဉ်ကျေးမှု ဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ် အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန်   (ဒုတိယနေ့) စာမေးပွဲကို မေ ၂ ရက် မွန်းတည့် ၁၂ နာရီက မြစ်ကြီးနားမြို့ မင်းရပ် ရပ်ကွက် သာသနာဗိမ္မာန်တော်ကြီးတွင် ကျင်းပခဲ့သည်။

အဆိုပါ အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို ဧပြီ ၃၀ ရက်မှ မေ ၁၃ ရက်နေ့အထိ ဖြေဆိုသွားမည်ဖြစ်ပြီး  ပါရာဇိကကဏ္ဍပါဠိ အဋ္ဌကထာ (ဒုတိယနေ့) စာမေးပွဲကို မေ ၂ ရက် မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီ အထိ စာဖြေသံဃာ ဆရာတော် (၇၁) ပါးနှင့် သီလရှင် ဆရာကြီး/ ဆရာလေး (၈) ပါးတို့ ကြွရောက်ဖြေဆိုကြခဲ့ကြရာ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွှန့်အောင်၊ ကချင်ပြည်နယ် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယဉ်မောင်ထွေးနှင့် တာဝန်ရှိသူတို့က စာဖြေ သံဃာတော်များအား လာရောက်ကြည်ညို ပူဇော်ခဲ့ကာ အထူးကြီးကြပ်ရေး ဆရာတော်ကြီးများထံ အလှူငွေနှင့် လှူဖွယ်ဝတ္ထု အစုစုကို ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ခရိုင်(ပြန်/ဆက်)