စမ်းချောင်း မေ ၃
ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း/ တောင်ရပ်ကွက်၊ ဟံသာဝတီလမ်းရှိ အထက(၁) ကျောင်းဝင်း အတွင်းတွင် ယမန်နေ့နံနက်(၀၉:၀၀)နာရီ အချိန်က အသက်(၁၅)မှ(၁၈)အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသူ(၈)ဦးအား Sinovas ထိုးနှံပေးခြင်းနှင့်အသက်(၁၈)အထက် ကိုဗစ်ရောဂါကာကွယ် ဆေးမထိုး နှံရသေးသူများအား ပထမအကြိမ်(Astra Zeneca) ထိုးနှံသူ(၄၂)ဦး၊ ဒုတိယအကြိမ် (covishield) ထိုးနှံသူ(၂၂)ဦး နှင့် တတိယအကြိမ် Astra Zeneca ထိုးနှံသူ (၁၈၇)ဦး စုစုပေါင်း ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးနှံသူ (၂၅၉)ဦးအား ထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီး ဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံသူများအား ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပြီးမှသာ ထိုးနှံပေးခဲ့ကြောင်း သိရှိရ ပါသည်။
ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာ မရှိစေရေးအတွက် စမ်းချောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘဝင်းနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမိမိခိုင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ မိဘပြည်သူများအား ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်ငြိမ်းချမ်းဝင်း