ကျောက်ဆည်မြို့နယ်၌ (၇၆)နှစ်မြေက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

ကျောက်ဆည် မေ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ စုကြီးရပ်ကွက်အတွင်းရှိ သမိုင်းဝင်လေးမျက်နှာ စေတီ တော်မြတ်ကြီးတွင် ၂၀၂၂ ခုနှစ်မေလ (၅)ရက်နေ့တွင်ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက်(၉)နာရီက ခရိုင်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစောလွင်အေးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်စည်းကမ်းထိန်းသိမ်း ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ဖြူဖြူကြည်နှင့် ကော်မတီဝင်များမှ စုပေါင်းသန့်ရှင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင်  ခရိုင်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ခရိုင်စည်းကမ်းထိမ်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ရုပ်ပွားတော်များအား ရေသပ္ပာယ်ခြင်း၊ သောက်တော်ရေများကပ်လှူခြင်း၊ ဘုရားပန်းများ အသစ်လဲခြင်း၊ ဘုရားရင်ပြင်တော်အား သန့်ရှင်းခြင်း၊ ဘုရားဝင်းအတွင်း ပေါက်ရောက်နေသည့် ပေါင်းမြက်များ၊ အမှိုက်များ စုပေါင်းသန့်ရှင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)