ကျောက်ဆည်မြို့တွင် အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်

ကျောက်ဆည် မေ ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉)နာရီက အခြေခံစက်ချုပ်သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အခြေခံစက်ချုပ်သင်တန်းတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်ထွန်းက ကျေးလက်နေပြည်သူများလူမှုစီးဘဝဖွံ့ဖြိုးတိုးတက်ဖို့အတွက် အထောက်အကူပြု သောသင်တန်း ဖြစ်ရာသင်တန်းနည်းပြမှ သင်ကြားပြသမှုများကို လက်တွေ့နယ်ပယ်တွင်အသုံးချရေး အမှာစကား ပြောကြားပြီး မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းအေးက သင်တန်းတွင်သင်ကြားပို့ချက်များကို စနစ်တကျလေ့လာ မှတ်သားရန်နှင့် သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

အဆိုပါအခြေခံစက်ချုပ်သင်တန်းကို မေလ(၂)ရက်နေ့မှ(၂၉)ရက်နေ့အထိ စာတွေ့လက်တွေ့အခမဲ့ သင်ကြားဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းမှ သင်တန်းသူ(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

တင်တင်ထွေး