မိုင်းလုံ မေ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနရုံးဝန်ထမ်းများက ကျောင်းသား/ကျောင်းသူများနှင့် ကလေးငယ်များအတွက် အသိပညာဗဟုသုတ တိုးပွါးစေရန် ရည်ရွယ်၍ Onlineမှတစ်ဆင့် အသိပညာပေးအစီစဉ်များကို ပြည်သူ့စာကြည့်တိုက် Pageများတွင် နေ့စဉ်လွှင့်တင် ဆောက်ရွက်ပေးလျက် ရှိပါသည်။
မိုင်းလုံမြို့ အတွင်းရှိ ကျောင်းနေအရွယ် ကလေးများ ဉာဏ်ရည်၊ဉာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာ စေရန်၊ ကိုယ်ရည်ကိုယ်သွေး ထက်မြက်လာစေရန်၊ အသိပညာဗဟုသုတများ ရရှိစေရန်၊ စာအုပ စာပေနှင့်အမြဲထိတွေ့စေရန်၊ ယဉ်ကျေးလိမ္မာသော သားသမီးများဖြစ်စေရန် ရည်ရွယ်၍ တေဇရုပ်စုံစာအုပ်မှ ရေနံ့သာမောင်ကျော်ညွှန့် ရေးသားသည့် “ကိုယ်ရွှေယုန်နှင့် ကိုရွှေလိပ်” ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။
စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာပေ ဝါသနာရှင်များအတွက် အသိပညာဗဟုသုတ တိုးပွါးစေရန် စာအုပ်မိတ်ဆက်ခြင်း၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူအရုပ်ခေါက်ခြင်း၊ ကျန်းမာရေးဆောင်းပါး မိတ်ဆက်ခြင်းစသည့် အစီအစဉ်များနှင့် Talk Show အစီအစဉ်များကို ရိုက်ကူး၍ Online မှတစ်ဆင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)