မိတ္ထီလာမြို့ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင်  သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မိတ္ထီလာ  မေ ၃

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဗဟိုပို့ဆောင်ဆက်သွယ်ရေးကျောင်းတွင် ကွန်ပျူတာ နှင့် အင်္ဂလိပ်စကားပြောသင်တန်း အမှတ်စဉ်(၈/၂၀၂၂၂)၊ ယာဉ်မောင်းနည်းပြ အသိအမှတ်ပြု သင်တန်း အမှတ်စဉ်(၁၂/၂၀၂၂)၊ သံလမ်း(ဉာဏ်သစ်လောင်း)လုပ်သားကောင်း ဇာဝီလှည့်သင်တန်း အမှတ်စဉ်(၅၄/၂၀၂၂)၊ ဒီဇယ်စက်ခေါင်းစက်ပြင်သင်တန်းအမှတ်စဉ်(၄၀/၂၀၂၂)နှင့် A+Computer Hardware သင်တန်းအမှတ်စဉ် (၄/၂၀၂၂)တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က အဆိုပါ သင်တန်းကျောင်းရှိ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦး၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားသင်တန်းသူများ တက် ရောက်ခဲ့ကြသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ကျောင်းအုပ်ကြီး ဦးမင်းချစ်ဦးက သင်တန်းဖွင့် အမှာစကား ပြောကြားပြီး  သင်တန်းတက်ရောက်မည့်   သင်တန်းသားသင်တန်းသူများအား လိုက်လံ နှုတ်ဆက် ခဲ့သည်။ ၎င်းသင်တန်းများကို   ရက်သတ္တပတ် လေးပတ်မှ (၁၀)ပတ်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)