မူဆယ် မတ် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သယံ ဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ မူဆယ်ခရိုင် Community Centre ခန်း မ၌ “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး” ခေါင်းစဉ်ဖြင့် Talk Show ကို ယမန့်နေ့ မွန်လွဲ ၂ နာရီခွဲ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အသိပညာပေးဆွေးနွေးပွဲတွင် မူဆယ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီး မှူး ဦးအယ်လ်စိုးထန်တူးက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်ပက်သက်သည့် ယနေ့တွင် ဖြစ်ပေါ်လျက်ရှိသော မီးခိုးငွေ့များကြောင့် သဘာဝပတ်ဝန်းကျင်ပျက်စီးရသည့်အတွက် ဘယ်လို ထိန်းသိမ်းဆောင်ရွက်သင့်ကြောင်းနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် လူတို့တွင် ဖြစ်ပေါ်စေနိုင်သော ရောဂါများအကြောင်းကို မေးမြန်းခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ ဦးကျော်ကျော်ဦးမှ “ယခုကဲ့သို့ ဖြစ်စဉ်များကြောင့် သဘာဝအလျောက် တောမီးလောင်တာတွေ မီးတောင်ပေါက်ကွဲတာတွေ၊ မော်တော်ယာဉ် များမှထွက်ရှိသော မီးခိုးငွေ့များ ကြောင့်လည်းပတ်ဝန်းကျင် ပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်၊ မြင်ကွင်းများလည်း မမြင်ရနိုင်ပဲ ဖြစ်နိုင်ပါတယ်၊ ထိုညစ်ညမ်းမှုမှတစ်ဆင့် ရာသီဥတုပြောင်းလဲတာတွေ၊ မီးခိုငွေ့ ညစ်ညမ်းမှုကြောင့် လူသားတို့တွင် နည်းလမ်း(၃)မျိုးဖြင့်ခန္ဓာကိုယ်အတွင်း ရောဂါများဖြစ်စေ နိုင်ပါတယ် နှာခေါင်းမှ တစ်ဆင့်၊ အစားအသောက်ရေမဆေးဘဲ စားရာကာတစ်ဆင့်၊ အရေအပြား ကနေတစ်ဆင့် အဆုတ် ရောဂါ၊ သွေးကင်ဆာရောဂါ၊ မွေးရာပါခြေလက်အင်္ဂါချွတ်ယွင်းတာတွေ ဖြစ်စေနိုင်ကြောင်း၊ ထိုမီးခိုးငွေ့ညစ်ညမ်းမှုကို ကြိုတင်ကာကွယ်ရမည်ဆိုလျှင် အမှိုက်များမီးရှို့ခြင်းမှ ရှောင်ကြဉ်ရန်နှင့် အမှိုက်များ စနစ်တကျစွန့်ပစ်ကြရန်၊ တောမီးများရှို့ခြင်းမှ ရှောင်ကြဉ်ရန်၊ သတိပေးဆိုင်းဘုတ်များချိတ်ဆွဲရန်၊ ပြည်သူများက သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့ကျစေရေးအတွက် လုပ်ငန်းစဉ်များတွင် အတူတကွပူးပေါင်းဆောင်ရွက်သင့်ကြောင်း” ရှင်းလင်းပြောကြားခဲ့ပါသည်။
ချယ်ရီမြေ(မူဆယ်)