ရွှေပြည်သာ မေ ၂
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ဆန်၊ ဆီ၊ ကြက်ဥနှင့်အခြေခံစားသောက်ကုန်များကို ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ်အမှတ်( ၁၅)ရပ်ကွက်၌ လာရောက်ရောင်ချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ရောင်ချပေးရာတွင် ဆန်ချော(၁)ပြည် ၁၇၀၀/- ကျပ်၊ ဆန်ကြမ်း(၁)ပြည် ၁၀၀၀/- ကျပ်၊ ဆီ(၅၀)ကျပ်သားတစ်ဘူးလျှင် ၂၇၀၀/- ကျပ်၊ ကြက်ဥ ၁၀ လုံးကတ်(၁)လျှင် ၁၅၀၀/-ကျပ် တို့ဖြင့် ရပ်ကွက်နေပြည်သူများအား ဈေးနှုန်းချိုသာစွာရောင်းချပေးခဲ့ကြောင်း သိရသည်၊
ဈေးရောင်းချရာတွင် အဆင်ပြေချောမွေ့စေရန်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေမျိုးထွန်း( ရွှေပြည်သာ)