တပ်ကုန်း မေ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်တွင် သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသော၂၀၂၂ခုနှစ်၊ အစိုးရဓမ္မာစရိယ စာမေးပွဲကျင်းပပြုလုပ်လျက်ရှိရာ စာမေးပွဲတွင်ပါဝင်သည့် ကြီးကြပ်ဆရာတော်ကြီးများနှင့် စာဖြေသံဃာ/သီလရှင်များကို တပ်ကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်တို့ကကြီးကြပ်၍ မြဝတီရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်စေတနာရှင် ပြည်သူများ စုပေါင်းကာ ယနေ့နံနက်ပိုင်းက မြို့နယ်ဗုဒ္ဓသာသနာပြု ဗိမာန်တော်ကြီးတွင် နေ့ဆွမ်းဘောဇဉ်များ ဆက်ကပ်လှူဒါန်းခဲ့သည်။
တပ်ကုန်းမြို့နယ်တွင်၂၀၂၂ခုနှစ်၊အစိုးရဓမ္မာစရိယစာမေးပွဲ (ပါရာဇိကကဏ္ဍ-၂) ဘာသာရပ်တွင် စာရင်းရှိစာဖြေ ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း(၂၈၃)ပါး၊ ဝင်ရောက်ဖြေဆို ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း (၂၅၀)ပါး၊ ပျက်ကွက်ရဟန်း၊ သာမဏေ၊ သီလရှင်ပေါင်း(၃၃)ပါး၊ ဖြေဆိုသည့် ရာခိုင်နှုန်း (၈၈.၃)ဖြစ်ပြီး၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲတို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ မြို့မ(၆) ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အလှူရှင်များက ရက်အလိုက် ဆွမ်း၊ ဘောဇဉ်နှင့် အအေးများ ဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်