ကျောက်မဲ မေ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ခိုအုန်ကျေးရွာရှိ ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းရုံးဝန်းအတွင်း၌ ရောက်ရှိခိုလှုံနေသည့် တိုက်ပွဲရှောင်ပြည်သူများအား ယနေ့နံနက်ပိုင်း က ကျောက်မဲမြို့နယ် တိုက်ပွဲရှောင်ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက စားသောက်ကုန်များသွားရောက် ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ရှမ်းစာပေနှင့်ယဉ်ကျေးမှု အသင်းရုံးဝင်းအတွင်းတွင် ယနေ့အထိ ခိုလှုံနေသည့် တိုက်ပွဲရှောင်ပြည်သူ (၁၆၅) ဦး ရှိနေဆဲဖြစ်ပြီး ၎င်းတို့၏ နေထိုင်စားသောက်ရေး အဆင်ပြေစေရန် တိုက်ပွဲရှောင်ကော်မတီမှ လိုအပ်သည်များကို ပုံမှန်ထောက်ပံ့လှူဒါန်း ပေးလျက်ရှိသည်။
ယနေ့တွင်လည်း အဆိုပါ တိုက်ပွဲရှောင်ပြည်သူများအတွက် အသားတု (၁၀) ပိဿာ၊ ကုလားပဲ (၁၀) ပိဿာ ၊ ကြာဆံ (၅) ပိဿာ ၊ ငါးခြောက် (၁၀) ပိဿာနှင့် စားဆီ (၂၀) ပိဿာတို့ကို သွားရောက် ထောက်ပံ့လှူဒါန်းခဲ့သည်။
အလားတူ အဆိုပါတိုက်ပွဲရှောင်ပြည်သူများအတွက် အမှတ် (၁၂၄) ယာဉ်ထိန်းတပ်ဖွဲ့စုမှ ကြက်ဥ (၃၆၀) လုံး သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)