တန့်ယန်း မေ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် နမ့်ဟူးလွယ်ကာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး အဆောက်အဦသစ်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ အတိုးရငွေမှဆောင်ရွက်ခဲ့သည့် ကျေးရွာဘက်စုံသုံးခန်းမသစ်ဖွင့်ပွဲကို မေလ ၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ကြသည်။
ရှေးဦးစွာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး အဆောက်အဦသစ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးနေလင်း၊ နမ့်ဟူးလွယ်ကာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရုံးဆိုင်းဘုတ်အား မွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။
ထို့နောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ အတိုးရငွေမှ ဆောက်လုပ်ခဲ့သော ကျေးရွာဘက်စုံသုံးခန်းမဖွင့်ပွဲ အခမ်းအနားကိုကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခိုင်မင်းထွန်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့သည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း၏ အတိုးရငွေ ကျပ်(၂၁၉) သိန်းဖြင့် ဆောက်လုပ်ပြီးစီးခဲ့သော အလျား(၇၀)ပေ၊ အနံ(၅၀)ပေရှိ ကျေးရွာဘက်စုံသုံးခန်းမနှင့် ပတ်သက်သည်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် နမ့်ဟူးလွယ်ကာ ကျေးရွာအုပ်စု ကျေးရွာနေ ပြည်သူများ၏ကိုယ်စား ဦးစာရေးဆုက ကျေးဇူတင်စကားပြောကြားကာ အဆိုပါ ကျေးရွာဘက်စုံသုံးခန်းမအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူးနေလင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှူး ဦးခိုင်မင်းထွန်းတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြကြောင်း သိရသည်။ မင်းလွင်ဦး(ပြန်/ဆက်)