ကျိုက်မရော မေ ၂
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်တွင် (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆုတောင်းပြည ဘုရားကြီးဝင်းအတွင်းရှိ ဓမ္မာရုံနှင့်သာသနာ ဗိမ္မာန် တော်ကြီးတို့တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ဘုရားရင်ပြင်တော်အပေါ်၌ ရေဆေး ခြင်း၊ အမှိုက်များလဲခြင်း၊ ဘုရားကြီးပရဝုဏ်အတွင်း ကြမ်းပြင်များတိုက်ပေးခြင်း၊ သောက်ရေများ အသစ်လဲလှယ်ပေးခြင်းတို့ကို ယနေ့နံနက် ၈နာရီမှ စတင်ကာ စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်မရောမြို့နယ် မီးသတ်ဦးစီးမှူး ဦးတင်သောင်းဦးနှင့်အရန် မီးသတ် တပ်ဖွဲ့ဝင်အင်အား (၅၀)ဦး၊ မိသားစုဝင်များ စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဝင်များက ဘုရားကြီးအားဆွမ်း၊ ရေချမ်း၊ ဆက်ကပ်လှူဒါန်းခြင်းများကို ကုသိုလ်ပြု စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှသိရသည်။
ချိုမြတ်မြတ်ထွေး(ကျိုက်မရော)