ဟိုပုံး မေ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)သို့ တက်ရောက်ရန် သင်တန်းသား၊ သင်တန်းသူ ရွေးချယ်ခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့နယ်အားကစားကွင်းတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာသိပ္ပံ(တောင်ကြီး)သို့ တက် ရောက်ရန် သင်တန်းသား၊ သင်တန်းသူများရွေးချယ်ရာတွင် အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးဝင်းခိုင်ဦး၊ အားကစားနှင့် ကာယပညာ သိပ္ပံ(တောင်ကြီး)၊ လေ့ကျင့်ရေးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများ၊ နည်းပြများက စနစ်တကျ စိစစ်ရွေးချယ်ခဲ့ကြောင်းသိရသည်။ သင်တန်းသား၊ သင်တန်းသူ ရွေးချယ်ပွဲသို့ ဟိုပုံးမြို့ပေါ် ရပ်ကွက် များ၊ ကျေးရွာများ၊ အခြေခံပညာကျောင်းများမှ သင်တန်းသား၊ သင်တန်းသူ(၁၅)ဦး လာရောက် ရွေး ချယ်ပြီး သင်တန်းသား(၁)ဦး၊ သင်တန်းသူ(၂)ဦး၊ စုစုပေါင်း(၃)ဦး ပဏာမရွေးချယ်ခံရပြီး သတ်မှတ်ခေါ်ယူကာလတွင် ဆက်လက်၍ ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)