အမ်း မေ ၂
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီ အခြေခံ အားကစားသင်တန်းဆင်းပွဲကို ယမန်နေ့ညနေ အချိန်က မြို့မအားကစားကွင်းမိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
နွေရာသီ အခြေခံအားကစားသင်တန်းဆင်းပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ကျောက်ဖြူ ခရိုင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝေက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသို့ တက်ရောက်ခဲ့သည့် လူငယ်များ အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ အခြားသောသင်တန်းများ ဖွင့်လှစ်မှုများ ရှိလာပါက ပူးပေါင်းပါဝင်စေလိုကြောင်း၊ အနာဂတ် လူငယ် များကို ကျန်းမာကြံ့ခိုင်စေရန် နှင့် ဘက်စုံထူးချွန်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား အားကစားအစီ အစဉ်များအနေဖြင့် နွေရာသီအခြေခံ အားကစားသင်တန်းကိုဖွင့်လှစ်ပေးခြင်းဖြစ်ပြီး သင်တန်းတွင် ပိုက်ကျော် ခြင်း၊ အေရိုးဗစ်(Fitnessdan ce)၊ ဘော်လီဘော၊ ဘောလုံး၊ စာပွဲတင်တင်းနစ် အားကစား နည်းများကိုသင်ကြား ပေးခဲ့ကြောင်းပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဝတ်စုံ များအား ပေးအပ်ခဲ့သည်။ အေရိုးဗစ် (Fitness Dance)သင်တန်း တက်ရောက်သည့် သင်တန်သူလေးများက သင်တန်းမှ သင်ကြားပေးသည့် အေရိုးဗစ် (Fitness Dance) ကကွက်များဖြင့်ကပြခဲ့ကြသည်။
အဆိုပါ နွေရာသီအခြေခံ အားကစားသင်တန်းတွင် မြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ဝေနှင့် ဝန်ထမ်းများက ပိုက်ကျော်ခြင်း၊ အေရိုးဗစ် (Fitnessdance)၊ ဘော်လီဘော၊ ဘောလုံး၊ စာပွဲတင်တင်းနစ် အားကစားနည်းများကို သင်ကြားပေးခဲ့ကြောင်း သိရှိရသည်။
စိုးမင်းထွန်း
မြို့နယ်(ပြန်/ဆက်)