တံတားမြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ အမျိုးသမီးများ ဘဝဖွံ့ဖြိုး တိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

တံတား  မေ  ၂

 ရန်ကုန်တိုင်းဒေသကြီး၊  တောင်ပိုင်းခရိုင်၊  တံတားမြို့၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီ အချိန်က ပြုလုပ် ဆောင်ရွက် ခဲ့သည်။

 ရှေးဦးစွာ   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ  ဦးစီးမှူး   ဒေါ်မိုးဖြူလွင်က    မြန်မာ့လူမှု    ပတ်ဝန်းကျင်တွင် မြန်မာအမျိုးသမီး များ၏ အခန်းကဏ္ဍများနှင့် ဆောင်ရွက်ချက်များ၏ အရေးပါပုံ၊ အလုပ်အကိုင်အခွင့်အလမ်းများကို  ပြည်သူများ  ရှင်းလင်းစွာ  သိမြင်နိုင်ရန်နှင့် စွမ်းဆောင်ရည်ရှိသော အမျိုးသမီးများစွာကို မြေတောင်မြှောက်ပေးကာ ၎င်းစွမ်းရည်များကို အပြည့်အဝ အသုံးချနိုင်သော ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ရန် မိမိတို့အနေဖြင့်  တစ်ထောင့်တစ်နေရာမှ  အထောက်အကူပြုနိုင်ရေး အတွက်  ရည်ရွယ်၍  အမျိုးသမီးများ ဘဝ ဖွံ့ဖြိုး တိုးတက်ရေး အသိပညာပေးဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားပြီးနောက်(Women Club) အဖွဲ့ဝင် ဒေါ်သန်းသန်းအေးမှ  မြန်မာ အမျိုးသမီးများ၏  ရဲရင့်မှု၊ ထူးချွန်ထက်မြက်မှု၊  နိုင်ငံတကာနှင့်ရင်ဘောင် တန်းနိုင်မှု၊ ဦးဆောင်နိုင်မှု စွမ်းရည်များသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ကျန်းမာရေး၊အားကစား အစရှိသော ကဏ္ဍမျိုးစုံတွင် ပါဝင်နေကြောင်း ဆွေးနွေးပြောကြားကာ တက်ရောက်လာသော အမျိုးသမီးများမှလည်း မိမိတို့ သိလိုသော အကြောင်းအရာများဖြင့် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိုးဖြူလွင်(ပြန်/ဆက်)