တကောင်း မေ ၁
မန္တလေးတိုင်ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ တကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)တို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြာရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးဒေါ်သီရိအောင်က ကျောင်းသားလူငယ်များအနေဖြင့် စာဖတ်သည့် အလေ့အကျင့် ကောင်းများရရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ စာဖတ်ဝိုင်းများတက်ရောက်ခြင်းဖြင့် အပြန်အလှန်ဆွေးနွေးသည့် အလေ့အကျင့်များ ရရှိစေရန်စသည့် စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင် ဦးသြနှင့် ဦးကျော်ကျော်တို့မှ လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ကာ တက်ရောက်လာသူများမှ အပြန်အလှန် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သီရိအောင်(တကောင်း)