လှိုင်သာယာ (အနောက်ပိုင်း) မေ ၁
ရန်ကုန်မြောက်ပိုင်ခရိုင်၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် အလုပ်သမားနေဖြစ်ပေါ်လာပုံအကြောင်းနှင့်ပတ်သက်၍ ပြည်သူများသိရှိနိုင်စေရန်ရည်ရွယ်၍ ယနေ့ (၉)နာရီတွင် အလုပ်သမားနေ့အကြောင်းအသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အသိပညာပေး Talk Show ဆွေးနွေးပွဲတွင်လှိုင်သာယာ အနောက်ပိုင်း မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး)ဒေါ်သိန်းသိန်း က Talk Show ဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး စာရေးဆရာ အယ်ဒီတာ ဦးသူရဇော်(ဉာတတ္ထစရိယာ) က ဆွေးနွေးရာတွင် အလုပ်သမား နေ့ဖြစ်ပေါ်လာရခြင်း၊ အလုပ်သမားများအားလုံး၏ အရေးပါမှုနှင့် သိကောင်းစရာများ၊ ၁၉ ရာစုက အလုပ်လုပ်ချိန်အကြောင်း၊ ယခင်အလုပ်ချိန်နှင့်ယခုအလုပ်ချိန် သတ်မှတ်ခြင်းအကြောင်းများ၊ အလုပ်သမားများ၏ အခွင့်အရေး ရပိုင်ခွင့်အကြောင်းများကို ဆွေးနွေးပြောကြားခဲ့သည်။
သိန်းသိန်း (လှိုင်သာယာအနောက်ပိုင်း)