နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်း၌ သဖန်းကိုင်း ဆရာတော်မှ အနီးကပ် ကြီးကြပ်သင်ကြားပေး

နောင်ချို ဧပြီ ၃၀

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ နွေရာသီ (အခမဲ့) ကွန်ပျူတာသင်တန်း ၉ ရက်နေ့အဖြစ် ယမန်နေ့တွင် သဖန်းကိုင်းပရဟိတ ဆရာတော်၏ အနီးကပ်ကြီးကြပ်မှုဖြင့် သဖန်းကိုင်းပရဟိတ ကွန်ပျူတာသင်တန်း ခန်းမ၌ ဆက်လက် သင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းကို သဖန်းကိုင်းပရဟိတ ဆရာတော် သမ္ဓမ္မဇောတိကဓဇ ဒေါက်တာပညာလင်္ကာရ၏ ဦးဆောင်စီစဥ်မှုဖြင့် ဖွင့်လှစ်ခဲ့ပြီး ဆရာတော်၏ကြီးကြပ်မှု၊ သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၁၁ ဦးတို့ဖြင့် သင်ကြားပေးခဲ့ရာ တက်ရောက်လာသော သင်တန်းသူ၊ သင်တန်းသားများကလည်း စိတ်ပါဝင်စားစွာ သင်ယူ ခဲ့ကြကြောင်း သိရသည်။

သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၁၀၀)ဦးတက်ရောက်ခဲ့ပြီး ၂၁-၄-၂၀၂၂ မှ ၂၁- ၆ -၂၀၂၂ ရက်နေ့အထိ (၂)လတာ ဖွင့်လှစ်ပို့ချပေး သွားမည်ဖြစ်ကြောင်း၊ ရပ်ဝေးမှလာရောက်သည့် သင်တန်းသား၊ သင်တန်းသူများအား နေရေးထိုင်ရေး၊ စားသောက်ရေး  ကိစ္စများကိုပါ စီစဉ်ဆောင်ရွက် ထားရှိပေးထားကြောင့် သဖန်းကိုင်း ပရဟိတ ဆရာတော်ထံမှ သိရသည်။

ထွေးငယ်(ပြန်/ဆက်)