အလုံမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာရောင်းချပေး

အလုံ  ​ ဧပြီလ   ၃၀

ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရေးနှင့် စျေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်ချက်အရ ရန်ကုန်မြို့​တော် စည်ပင်သာယာ​ရေး​ကော်မတီ စီစဉ်မှုဖြင့် ယနေ့နံနက် (၈:၀၀)နာရီအချိန်က ဌာနာရပ်ကွက်၊ အလုံမြို့နယ်ခန်းမရှေ့တွင်  အ​ခြေခံစား​သောက်ကုန်များဖြစ်သည့် ကြက်ဥနှင့် အသား၊ ငါးများ ရောင်းချ ပေးလျက်ရှိပါကြောင်း သိရသည်။

ထို့သို့ရောင်းချပေးခဲ့ရာတွင် ​ကြက်တစ်ပိဿာ ၇၀၀၀ ကျပ်၊ ဆိတ်သားသားတစ်ပိဿာ  ၂၀၀၀ဝ ကျပ်၊ ၊အရိုးအသားတစ်ပိဿာ(၁၂၀၀ဝကျပ် ကလီစာတစ်ပိဿာ(၉၀၀ဝိ) ၊အမဲတစ်ပိဿာ ၁၂၀၀ဝကျပ်၊ ဝက်သားအဆီအသားတစ်ပိဿာ ၁၀၀၀၀ကျပ်၊ ဝက်သားလှိုင်းသား/ အသားရှယ် တစ်ပိဿာ  ၁၂၀၀၀ ကျပ်၊ နံရိုးတစ်ပိဿာ ၉၀၀ဝကျပ်ဖြင့်   ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါစျေးရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်း၊ မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးမောင်မောင် ထွန်းနှင့် စည်ပင်သာယာရေးဝန်ထမ်းများက စျေးလာရောက်ဝယ်ယူကြသူများ စနစ်တကျ ဝယ်ယူနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်၊၊

တင်တင်ချို