ကျိုင်းတုံမြို့နယ်တွင် မီးပလပ်ခုံ အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်မှုဖြစ်ပွား

ကျိုင်းတုံ ဧပြီ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နောင်ကုန်အုပ်စု၊ ကျိုင်းလိတ်ရွာဟောင်းတွင် ယမန်နေ့က မီးပလပ်ခုံအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်းမှုဖြစ်ပွားရာသို့ ကျိုင်းတုံခရိုင်/ မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာနေပြည်သူများ ရောက်ရှိခဲ့ကြပြီး ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ကြကြောင်း သိရသည်။

မီးလောင်မှုကြောင့် လူနှင့်တိရစာ္ဆန် ထိခိုက်ဆုံးရှုံးမှုမရှိကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူအား ကျိုင်းတုံမြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)