တာချီလိတ်မြို့ စုပေါင်းရုံးဓမ္မာရုံ၌  တတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ (ပဋ္ဌာန်းသိမ်း) အောင်ပွဲ အခမ်းအနားကျင်းပ

တာချီလိတ် ဧပြီ ၂၉

ရှမ်းပြည်နယ်(အရှေ့ပိုင်) တာချီလိတ်ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးဓမ္မာရုံ၌ ၅ ရက်တိုင် ကျင်းပခဲ့သော အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ( ပဋ္ဌာန်းသိမ်း) အောင်ပွဲအခမ်းအနားကို ယနေ့နံနက် နာရီ ကကျင်းပခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿ( )ကြိမ်ရွတ်ဆိုဖွင့်လှစ် အောင်ဂါထာတော် ရွတ်ဖတ်ပူဇော်ပြီး တောင်တန်းသာသနာပြုဗဟိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒဓမ္မထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ပရိတ်တရားတော်များ နာယူခဲ့ကြသည်။

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်မှ ကျေးဇူးတင်စကားပြန်ကြားလျှောက်ထားပြီး လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်း ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု()ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထို့နောက် ရွှေမိုးငွေမိုး ရွာသွန်းဖြိုးကာ ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ်တို့ကို နေ့လည်စာဖြင့်တည်ခင်းဧည့်ခံခဲ့ကြောင်း သိရှိရသည်။

ယာဆေး ( ပြန်/ဆက်)