စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  (Book Club)  စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ဥတ္တရသီရိ ဧပြီ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း  (Book Club)  စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ခရိုင်ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။           

ဆွေးနွေးပွဲတွင် ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေစုလှိုင်ဦးက စာဖတ်ဝိုင်းကျင်းပခြင်းသည် အကျိုးကျေးဇူးများစွာရှိကြောင်းနှင့် စာပေဖတ်ရှုခြင်းဖြင့် ဗဟုသုတပြည့်ဝစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာမ ရဿဝတီမေနန်းက လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာစိန်ဝင်းနွယ်က ၂၅-၄-၂၀၂၂ ရက်နေ့ထုတ် ‌ကြေးမုံသတင်းစာပါ အောင်မြင်လိုသူတိုင်းအတွက် စိတ်ဓာတ်ခွန်အားမြှင့်တင်ခြင်း ဆောင်းပါးအားလည်းကောင်း၊ စာရေးဆရာမ မေချို(ပျဉ်းမနား)က သာဓိမြေသို့ကဗျာခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ ရဲမွန်ကျော်က လူငယ်နှင့်စာပေမြတ်နိုးစိတ် ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဥတ္တရခရိုင်(ပြန်/ဆက်)